Welcome

Apr 3, 2012

အဖြူရောင် ကောင်းကင် ၏ ရိတ်သိမ်းရန် ကျန်သော သက်တံ့များ ( ၁ )






ပြောစရာ စကား မရှိတော့ဘူး တဲ့လား ..

တက်ယောင်ကန်း ဘာသာပြန် လွဲချော်ခြင်း တွေ နဲ့ ..

မုသား တွေနောက် ပြေးလိုက်နေရတဲ့ အဖြစ် ..

ကန့်သတ်ချက် ရိုးသားခြင်းတွေ ကို မမြင်ပဲနဲ့များ ...

အိပ်မက် တွေ ရုံသွင်းပြဖို့ ကြိုးစားနေရလေခြင်း ...

အဲ့သလိုပဲ .. ၀သုန် ရေ ..

မိုးခေါင် ရေရှား တဲ့ ရပ်ဝန်းမှာ လေ..

ဥတု အစ မှာကတည်းက ရှိုက်သံ တွေ ပါမှန်းမသိကို ပါနေတာ .....။



'' သူငယ်ချင်းရယ် နင့်ကို ငါအမြဲ သတိရနေမှာပါ ဟာ ''


ဖြူစင်မှု ဆိုတာလဲ ငါ့ကန္တာရ တစ်ခြမ်းထဲ ဆင်ဆာဖြတ်ခံလိုက်ရသလိုပါပဲ ...

ရင်ခုန်သံ တွေ မအိုစာခင်ပဲ ရင်ထဲမှာ မိုးတွေ အရင်ရွာသွားတယ် ...။

အဲ့သလိုပဲ ... ၀သုန်ရေ ...

တစ်ခါတစ်ရံ နင့် မာယာအခင်း အကျင်းထဲ ...

ငါကိုယ်တိုင် ကျွှံ့ဝင်ခဲ့ချင်တယ် ...။



ဝသုန် .. ရေ ..

နင် .. ရေးခဲ့တဲ့ ခေါင်းစဉ်အောက်မှာ အဖြူရောင်ကြိုးတစ်ချောင်း မှိုတက်နေပြီလေ ...

ရေတွက်ပြီး မပေါင်းလိုက်ရတဲ့ သစ္စာ စကားတွေ က ...

ဝင်သက် ထွက်သက်တိုင်း မုန်တိုင်းတွေ ထန်လို့ ....

ငါ အခု သွေးရူးသွေးတန်း လွမ်းတက်နေပြီ .......

..................... သွေးရူးသွေးတန်း လွမ်းတက်နေပြီ ဟာ .....။



တမ်းတ စိတ်နဲ့ စိတ်ကူးတွေ လွင့်ကနဲ အပျံ ......

ခေါက်သိမ်းထားခဲ့ တဲ့ နင့် အပြုံးတွေ ခဏတော့ ဖြန့်ကြည့်ခွင့် ပြုပါ .....

ဒီလို အခိုးထွက်လုလု ရာသီထဲ ခဏတော့ မိုး ဖြတ်ခွင့် ပြုပါ ....

အိပ်မက် တွေနဲ့ ရှင်သန်နေတဲ့ သကောင့်သားကို .....

အရောင်တွေ ပြောင်းပေးနိုင်တဲ့ နတ်ဘုရားဆီ ခေါ်ဆောင်ခွင့် ပြုပါ ... ဟာ ...။

အဲ့သလိုပဲ .. ၀သုန်

ငါ ပြုံး နေတယ် ဆိုပေမယ့် ...

ဘယ်ပုံ ဘယ်နည်း ငိုကြွေး ရမယ်ဆိုတာ မသိလို့ ..

မချိ ပြုံး တွေကို စတိလောက်ပဲ စားသုံးနေမိနေတာလေ ....။



ရှိပါစေတော့ ... ၀သုန်

အဝေးကြီးက ပြေးလာတယ်ဆိုတာ ...

အဝေးကြီးကို ပြန်သွားဖို့ မဟုတ်လား ....

ဆုံမှတ်လေး ခဏမှာ အပ်ခလေး တစ်စ စိုက်ဝင်ခဲ့တယ်လို့ပဲ ထားလိုက်ပါ ....။

ငါ့ အတွက်တော့ လွမ်းလောက် စရာဆိုလို့ ..

အလျှားလိုက် ပြောသွားတဲ့ မေတ္တာ တရားတွေ က

အဲ့ဒီ အပ်ပေါက်ရာလေးကပဲ ....

ငါမနိုး မချင်း သွေးချင်းချင်း နီနေအုံးတော့ မှာပါ ၀သုန် ....

.................. သွေးချင်းချင်း နီနေအုံးတော့ မှာပါ .. ဟာ .....

.....................သွေးချင်းချင်း နီနေအုံးတော့ မှာပါ ....................။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More