Welcome

May 20, 2012

ဒီလိုပဲ ညဟာ နေ့ နာမ် မကွဲဘူး








ကဲ .. ပြန်စလိုက်ရအောင်
စီးကရက် တစ်လိပ်ရဲ့ ကြိုးစားခြင်းနဲ့ အရွယ်လွန်ဖြစ်အင်တွေအကြောင်း

တစ်ခုခြင်း ဆွဲထုပ်မယ်ဆို
အာဒံ ရဲ့ ကျပျောက်ခဲ့တဲ့ နာရီ တချို့ ကို ထားခဲ့
စေတန် ရဲ့ ပြောင်းလဲခြင်း ဥပဒေသ ကို ထားခဲ့
အိမ်လွမ်းတိုင်း ကြေးအိုး နှစ်ပွဲဆင့်စား တဲ့ သူကို ထားခဲ့
နေတစ်ခြမ်း လတစ်ခြမ်း အမွေရ ထားတဲ့ (ငါ) တွေ ထားခဲ့

''တန်းစီ နေတဲ့ ၀ဋ်နာ ကံနာ တွေက''
''အလှည့် မရောက်သေးလို့ စောင့်နေတာကော''

ဒီလိုနဲ့ ညဟာ နေ့ နာမ် မကွဲ သလို

သက္ကရာဇ် အဟောင်းတွေ ကို ကန်ချခဲ့တာပဲ
ပြုတ်ကျ ခဲ့ တာ ငါ တွေ ပါလား

အော်....ဇကာ တွေကော ရှိတယ်လား
မဟုတ်ဘူး
သဏ္တာန်တူ တဲ့ ရိုးရာတွေ အတွက် စွယ်တော်ရွက်တွေ ပွဲတော်တင်ထားတာ

ဟူး .. မောလိုက်တာ
တောလဲသံအတွက် သုည တွေ လိုက်လိုက် မှတ်ရတာ

ဒီလိုနဲ့ ညဟာ နေ့ နာမ် ကော ကွဲသေးရဲ့လား

ဘာလို့ နံပါတ်တွေ ပြန်ရွတ်နေတာလဲ
သံဝေဂ တွေ ဒရွတ်တိုက် ပါလာအုံးမယ်
အရေးကြီးတာက ဆက်ရန်က အသံထွက်မှန်ဖို့ မို့လား

ဟူး .. မောလိုက်တာ
အက်ကြောင်းတွေနဲ့ ပြောရတာ ခဏတိုင်း ရေငတ်တယ်

ဒီလိုနဲ့ ညဟာ နေ့ နာမ် မကွဲ တော့ဘူးနော်

ခေါင်းစဉ်ပြောင်း မလို့လား
ဆန္ဒတွေ ဒီ ဧရိယာ ထဲက လွတ်ရင် စမ်းကြည့်လေ
မရုန်းသမျှ တော့ ဒီကြိုးက မရော့ ဘူးရယ်
အဲ့တော့ ရိုးသားစွာ နဲ့ပဲ ဆက်ရှိုက်ရအောင်

အထက်အောက် မညီတဲ့ ပုံရိပ်တွေ အတွက်
အသက်လောက်ငင် တဲ့ မျှော်လင့်ခြင်းတွေ အတွက်
ငါပညာတက် ပြီဆိုတဲ့ အဝေးသင်ကျောင်းသား တစ်ဦးရဲ့ အထ္ထုပ်ပတ္တိ အတွက်
ကြုံလာသမျှ ဘာသာပြန်ဖို့ မရဲတရဲ သတ္တိ တွေ အတွက်

ကဲ .... ရိုးသားစွာနဲ့ ပဲ ဆက်ရှိုက်ရအောင်

ဟူး...မောလိုက်တာ
ဇာတ်ဆရာ ပေးတဲ့ ပုစ္ဆာတွေ တွက်ရတာ

ဒီလိုနဲ့ ညဟာ တကယ်ပဲ နေ့ နာမ် မကွဲ ခဲ့ ဘူး....


Twitter Delicious Facebook Digg Stumbleupon Favorites More