Welcome

Mar 21, 2012

ပိတောက် ဆင်ခြေ







ပိတောက် ဆင်ခြေ


ဥတုက မူမမှန်မှတော့

ပန်းကလဲ ရာသီမေ့မှာပဲ...။



ခြောက်ပြစ်ကင်း သဲလဲစင် ဥပမာတွေနဲ့

ချော်လဲတိုင်း ရောထိုင်နေကျ မနုဿတွေရဲ့

မာတိကာ ကကော ဘယ်လောက်များများ

မေတ္တာ တရားဆိုတဲ့ ခေါင်းစဉ်အောက် ခိုလှုံခဲ့ ဘူးလို့လဲ...။



တစ်ကောင်ကျွှေး ပြီး

ဆယ်ကောင်လောက် စားချင်တဲ့ အဇ္ဈတ္တ တွေနဲ့တော့

သစ္စာ စကားတွေ ခဏခဏ မပြောပါနဲ့

နားခါးတယ်...။



တစ်နှစ် ဘယ်နှစ်ခါပဲ ပွင့်ပွင့်

ခင်ဗျာ့တို့ လွင့်တဲ့ ဆင်ခြေတွေလောက်

ပွင့်ချပ်တွေ မများစေရဘူး...။

ရာသီတွေ ပြောင်းချင်ပြောင်းမယ်

(ကျုပ်ဘက်က လောင်းရဲတယ်)

အရောင်တွေ မဟောင်းစေရဘူး...။



အို...နောက်ဆုံး

ရက်ရာဇာတွေတောင် မေ့ချင်မေ့မယ်

ခင်ဗျာ့တို့ စေ့ထားတဲ့ မုသားတံခါးပေါက်တွေအောက်တော့

ကျုပ် ရနံ့တွေ မပျောက်စေရဘူး ဗျာ.....။



လွင့်ရာဝေ (20.3.2008 တွင်ရေးသားခဲ့သည် )

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More