တိမ်ထူထပ်ခြင်း
အချစ်နဲ့ ယမ်းယောင်ခြင်းကို
မာနဲ့ မဲ့ တွန်းလှန်
မနက်ဖြန်ညရဲ့ လက္ခဏာ
အလွမ်းဆိုတာ
အထီးကျန်သူတိုင်းရဲ့ အားနည်းချက် ။
နက္ခတ်တွေ စုံတိုင်း
အမှီအခိုလွတ် ရုန်းကန်မှု
ဆန္ဒနဲ့ ငြင်းခုံခြင်း ပြဿနာ
စိတ်ပြေးလမ်းပေါ်
မကြာခဏ ချော်ကျ
အဲ့ဒီည တွေ ......... အရာမ၀င်ဘူး ..။
ဘ၀က ကျိန်စာတွေချည်နှောင်ထားတဲ့ ကျမ်းစာ
နှလုံးသားက အဆိပ်တွေပျော်ဝင်နေတဲ့ အဆိုင်အခဲ
အချစ်က တစ်ဖက်ထဲ အသေချည်ထားတဲ့ ကြိုး
အမှတ်မှား ရိုးရာ
မနက်ဖြန်တိုင်းက ပြဿဒါး
ငါဟာ
သောက အခိုးတွေ
အုပ်မိုးထားတဲ့ ကောင်းကင်
သက်ပြင်းရနံ့ နဲ့
မုန်တိုင်းထန် ရူ့ခင်း
ရာသီ အစကတည်းက မလင်းဘူး ....။
(လွင့်ရာဝေ) (20.4.2011 တွင်ရေးသားခဲ့သည်..)
0 comments:
Post a Comment